ကူးလ်တက် - စက်ရုပ် ပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကူးလ်တက် (CoolTech) နည်းပညာ အစီအစဉ် နားဆင်နိုင် ပါပြီ။
အမေရိကန် ပြည်ထောင်စုက Darpa Robotic Challenge စက်ရုပ် ပြိုင်ပွဲမှာ ပထမဆု ဒေါ်လာ ၂ သန်း ရရှိသွားတဲ့ တောင်ကိုရီးယား HUBO စက်ရုပ် အကြောင်း တင်ဆက် ပေးထား ပါတယ်။
စက်ရုပ်ကို ကိုယ်တိုင် ကားမောင်း ခိုင်ပြီး လူရဲ့ အကူ အညီ မပါပဲ တခြား အခက် အခဲ တွေကို ဆောင်ရွက် စေတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ ဘေးဒုက္ခသည် ရောက်နေ သူတွေကို အကူ အညီပေး နိုင်မယ့် စက်ရုပ်တွေ အရှိန်မြှင့် တီထွင် ထုတ်လုပ် နိုင်ရေး အတွက် ရည်ရွယ်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယား KAIST တက္ကသိုလ်က စက်ရုပ် သုတေသန အဖွဲ့ကနေ သူတို့ရဲ့ HUBO စက်ရုပ်နဲ့ ပထမဆု ဆွတ်ခူး ရရှိ သွားတာ ဖြစ်ပါတယ်။