ကူးလ်တက် - ခေတ်သစ် လေယာဉ် ထုတ်လုပ်မှု

သံထည်ပိုင်း အားလုံးကို သရီးဒီ ပရင့်တာနဲ့ ထုတ်လုပ် အသုံးပြု တော့မှာ ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, RTRS

ဓာတ်ပုံ ပုံစာ, သံထည်ပိုင်း အားလုံးကို သရီးဒီ ပရင့်တာနဲ့ ထုတ်လုပ် အသုံးပြု တော့မှာ ဖြစ်ပါတယ်

ကမ္ဘာကျော် လေယာဉ် ထုတ်လုပ်တဲ့ အဲဘတ်စ် ကုမ္ပဏီကြီးရဲ့ အသစ် စက်စက် လေယာဉ်သစ် အဲဘတ်စ် A350 XWB ဂျက်လေယာဉ်ပျံ အတွက် အစိတ် အပိုင်း ၁၀၀၀ ကျော်ကို သရီးဒီ ပရင့်တာ စနစ်နဲ့ ထုတ်လုပ် ထားပြီ ဖြစ်ပါတယ်။

ရှေ့နှစ်ကစလို့ အခုလို ခရီးသည်တင် လေယာဉ်ရဲ့ သံထည်ပိုင်း အားလုံးကို သရီးဒီ ပရင့်တာနဲ့ ထုတ်လုပ် အသုံးပြု တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် မှာတော့ အဲဒီလို သရီးဒီပရင့်တာ နဲ့ အစိတ် အပိုင်းတွေ ထုတ်လုပ်တဲ့ လေယာဉ်တွေ အမြောက် အမြား ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။

တခါ ကယ်ဆယ်ရေး ဒရုံးတွေ မှာလည်း သရီးဒီ ပရင့်တာ တပ်ဆင် အသုံး ပြုတော့မယ် နည်းပညာတွေ အကြောင်း ဒီတပတ် တင်ဆက်ပေး ထားပါ တယ်။