မြန်မာ စစ်ဘေးရှောင် ပြည်သူများ ကုလအကူအညီ လုံလောက်စွာမရ

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း ပဋိပက္ခဖြစ်ပွားမှုအများဆုံး စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ နိုင်ငံအရှေ့တောင်ပိုင်းက ကေအန်ယူ ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ရှောင်တွေ သိန်းနဲ့ချီ ရှိနေပြီး ကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေချိန်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဘက်က အကူအညီတွေ လုံလောက်စွာ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီဆိုင်ရာအေဂျင်စီ UNOCHA ကတော့ လိုအပ်ချက်ရှိတဲ့နေရာတွေအားလုံးကိုမရောက်နိုင်ပေမဲ့ များပြားလာတဲ့ အကူအညီလိုအပ်နေသူတွေကို အကူအညီပေးနေပြီး ဘေးဒဏ်အခံစားရဆုံးသူတွေဆီ အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ကူညီပေးနိုင်ရေး ဘက်ပေါင်းစုံနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ ဘီဘီစီကိုပြောပါတယ်။ မသီရိဇော်က ပြောပြမှာပါ။