မန္တလေးမှာ ဆေးရုံတချို့အပိတ်ခံရ

မန္တလေးမြို့မှာ စီဒီအမ်ဆရာဝန်တွေကို အလုပ်ခန့်အပ်လို့ အထူးကုဆေးရုံတွေ ပိတ်ခံရတာရှိပြီး အခုဆိုရင် အဲဒီလိုပိတ်ခံရတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းပေါင်း ၉ ခုထက်မနည်း ရှိပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပီဒီအက်ဖ်တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး ဆရာဝန်တချို့လည်း ဖမ်းဆီးခံရပါတယ်။ အဲဒီလိုအခြေအနေတွေကြားမှာ မန္တလေးမြို့တွင်း အခုအခါ ကျန်းမာရေး ကုသ စောင့်ရှောက်မှုတွေ ဘယ်လိုပုံစံတွေ့ကြုံနေရပါလဲ။ အကြောင်းစုံကို မသီတာနွယ်က ပြောပြပါမယ်။