ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့် ဂျော်ဂျီယာ ပြည်နယ်မှာ လာရောက် အဖမ်းခံ
ဒေါ်နယ်ထရမ့်ဟာ အမေရိကန် သမ္မတဟောင်းတွေထဲမှာ ပထမဆုံးအကြိမ် ရာဇ၀တ်မှတ်တမ်း ဓာတ်ပုံ အရိုက်ခံရတဲ့ သူဖြစ်လာပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျော်ဂျီယာ ပြည်နယ်အတွင်းမှာ ဝင်ရောက်ခြေရှုပ်ဖို့ ကြိုးစားမှုတွေနဲ့ တရားစွဲဆို ထားပါတယ်။ လိမ်လည်မှု၊ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲရန် ကြိုးစားမှုတွေနဲ့ မစ္စတာ ထရမ့်ကို စွဲဆိုထားတာ ဖြစ်ပါတယ်။ သူကတော့ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက် ၁၃ ချက်စလုံးကို ငြင်းဆိုထားပါတယ်။ ဘီဘီစီ မြောက်အမေရိက သတင်းထောက် ရွှန် ဒီလ်လီရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။