ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာမှာ ဒေသကိုအခြေခံ ရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော
တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဒေသအလိုက် တိုင်ရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်တာကြောင့် ဖက်ဒရယ် စနစ်ကိုဆောင်ရွက်ရာမှာ လူမျိုးကို အခြေခံ၍မရဘဲ ဒေသကိုအခြေခံ၍ ဆောင်ရွက်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မနေ့ကပြောခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်က သူရဲ့ ကောင်စီဝင်တွေကနေ ညွှန်ကြားရေးမှူးချုပ်တွေအထိ ပါဝင်တဲ့ အစည်းအဝေးပွဲအတွင်း စီးပွားရေးအပါ အဝင် နိုင်ငံရေးဆိုင်ရာ ပြောဆိုချက်တွေမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ သတင်းအပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။