ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာရှနိုင်ငံတချို့ တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာရှနိုင်ငံအချို့က ထိပ်ပိုင်းအဆင့်ရှိ သူတွေက စစ်ကောင်စီကို တောင်းဆိုထားတယ်လို့ သံတမန်အသိုင်းအဝိုင်းက ဘီဘီစီကိုအတည်ပြုပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့က စစ်ကောင်စီကို တောင်းဆိုထားတာပါ။ ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့က တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ လုပ်ဆောင်နေတာတွေလည်းရှိနေတယ်လို့လည်း သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဝေဖြိုးက ပြောပြမှာပါ။