ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စားနပ်ရိက္ခာဖူလုံပြီး စီးပွားရေး တိုးတက်ဖို့ စစ်ကောင်စီလုပ်မယ်
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွင်းကုန်၊ ထုတ်ကုန်အပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI က လုပ် ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ ၂ရက်က တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးနဲ့ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်သင့်တာတွေကို နှစ်ဘက်ရှင်း လင်းတာတွေလုပ်ခဲ့တယ်လို့ စစ်ကောင်စီကပြန်ကြားဖော်ပြထားပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံစီးပွားရေးတိုးတက်ဖို့ လုပ်ဆောင်တာမျိုးတွေဘယ်လောက်အောင်မြင်မှုရနိုင်ပါသလဲ အပြည့်အစုံကို ကိုတင်အောင်ကျော်က ပြောပြမှာပါ။