အလုပ်သမားအရေး ဆောင်ရွက်သူတွေ ဖမ်းဆီးခံနေရ

အခုရက်အတွင်း လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေထဲ အထည်ချုပ်စက်ရုံတွေက အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေ ဖမ်းဆီးခံရတာတွေရှိနေပါတယ်။ ဘာကြောင့် ဖမ်းဆီးခံနေရတာပါလဲ။ အလုပ်သမားရုံးကို တိုင်ကြားပေမဲ့ အကြောင်းမထူးဘူးလို့ ‌လည်းပြောကြပါတယ်။ အလုပ်သမားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အဆက်သွယ်မရဖြစ်နေတဲ့အကြောင်း ကိုဇေယျာထွန်း စုစည်းတင်ဆက်ပေးသွားမှာပါ။