မိုခါ မုန်တိုင်းလွန် ပြန်လည် ထူထောင်ရေး

မိုခါမုန်တိုင်းဝင်ရောက်တိုက်ခိုက်ပြီး မြို့တော်စစ်တွေမှာ နေအိမ်တွေပြင်ဆင်နေကြတာ၊ လမ်းတွေပြင်ဆင် နေကြတာတွေဆက်တိုက်လုပ်နေရပါတယ်။ စစ်တွေအပြင် အခြားမုန်တိုင်းသက်ရောက်တဲ့မြို့တွေမှာလည်း အလားတူ အပျက်အစီးတွေကို လူထုက ကိုယ်ထူကိုယ်ထပြန်လည်ပြင်ဆင်နေတာ တွေရှိသလို၊ အကူအညီ မရောက်သေးတာတွေလည်း အများအပြားရှိနေပါတယ်။ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်ဘက်နဲ့ မုန်တိုင်းဘေးသက် ရောက်ခဲ့တဲ့ ဒေသတွေက အခြေအနေတွေကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။