ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုံးတော်မှာ စစ်ဆေးခံရပြီးနောက် ထရမ့် လူရှေ့ထွက်လာ
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် လုပ်ငန်းနဲ့အသုံးစရိတ်ဆိုင်ရာ လိမ်လည်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွဲချက်ပေါင်း ၃၄ ချက်နဲ့ စွဲဆိုခံထားရပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လူရှေ့မှာ စကားပြောခဲ့ပါတယ်။ သူက အခုလို စွဲဆိုတာဟာ အမေရိကန်ပြည်ထောင်စုကို စော်ကားလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲ ကာလမှာ သူ့အပေါ် ထိခိုက်နိုင်တဲ့ သတင်းအချက်အလက်တွေကို ဖုံးကွယ်ဖို့ လုပ်ခဲ့တာနဲ့ ပတ်သက်လို့လည်း အပြစ်မရှိကြောင်းလျှောက်လဲခဲ့ပါတယ်။ သူ့ရဲ့ မဲဆွယ်မိန့်ခွန်းဆန်ဆန် ပြောကြားခဲ့တဲ့ စကားတွေထဲမှာ ဘိုင်ဒန် အစိုးရကိုလည်း ပုတ်ခတ်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲလိမ်ပြီး သူ့ကို ရာထူးက ဖယ်ရှားခဲ့ကြတယ်ဆိုတဲ့ မမှန်ကန်တဲ့ စွပ်စွဲမှုတွေကိုလည်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ မစန္ဒာဝင်းက ပြောပြမှာပါ။