မြန်မာအပေါ် တရုတ်ဆက်ဆံရေးပုံစံ ပြောင်းလာ

အာဏာသိမ်းစစ်ကောင်စီကို တရုတ်ဗဟိုအစိုးရကနေ တိုက်ရိုက်ဆက်ဆံတာမဟုတ်ဘဲ ယူနန်ပြည်နယ်အစိုးရကတဆင့် ချဉ်းကပ်တဲ့ပုံစံကို ပြောင်းလဲကျင့်သုံးနေတယ်လို့ တရုတ် - မြန်မာအရေးစောင့်ကြည့်နေတဲ့ ISP မြန်မာကပြောပါတယ်။ မနေ့တုန်းက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်လည်းဖြစ် ယူနန်ထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်တဲ့ မစ္စတာဝမ်နင် နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံပြီးနောက် တရုတ်နဲ့ စစ်တပ်ဆက်ဆံရေးပြန်လည်နီးစပ်လာပြီလားဆိုပြီး မေးခွန်းထုတ်မှုတွေရှိလာပါတယ်။ တရုတ် - မြန်မာဆက်ဆံရေးအကြောင်းစုံကို ကိုဘိုဘိုက စုစည်းပြောမှာပါ။