တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူနည်း

စစ်ကောင်စီကကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းရဲ့ နောက်ဆုံးနှစ် စာမေးပွဲကို ဒီကနေ့မှာစပြီး ကျင်းပ ပြုလုပ်နေပြီဖြစ်သလို အဲဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသားဦးရေဟာလည်း အရင်နှစ်တွေကထက် တစ်နိုင်ငံလုံးမှာ ထက်ဝက် နီးပါး နည်းပါးနေပါတယ်။ ဒါဟာ အာဏာသိမ်းမှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေရဲ့ အကျိုးသက်ရောက်မှုကြောင့်လို့ ပြောဆိုကြပါတယ်။ ဒီအကြောင်း ကိုမြင့်လွင် က ပြောပြမှာပါ။