ကရင်နီ ဒေသ စစ်ရှောင်ပြည်သူတွေရဲ့ မိခင်နဲ့ကလေးကျန်းမာရေး အခက်အခဲ

စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီဒေသထဲမှာ စစ်ရှောင်တွေ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရတာကြောင့် ကိုယ်ဝန်ဆောင်မိခင် ကိုယ်ဝန်ပျက် ကျတာနဲ့ မွေးကင်းစ ကလေးငယ်တွေ သေဆုံးမှု ရှိလာပါတယ်။ မြို့ပြမှာရော စစ်ကောင်စီ ဒေသန္တကျန်းမာရေးဌာနက ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လို ရှိနေပါလဲ။ ကိုဇေယျာထွန်းက ဆက်ပြောပြပါတယ်။