ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အခမဲ့ သက်သတ်လွတ် ထမင်းဆိုင်ကို ဖွင့်လှစ်ထားတဲ့ ပရဟတိသမား
မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ အထွေထွေအကျပ်အတည်းအပြင် ကမ္ဘာတစ်ဝန်းနဲ့အတူ ဖြစ်ပွားနေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို မြန်မာပြည်သူတွေ ခံကြရပါတယ်။ အဲဒီထဲမှာ အဆိုးဆုံးခံရသူတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ် လက်စားတွေဖြစ်ပြီး စားဖို့တောင် ခက်ခဲကြသူတွေပါ။ အဲဒီလိုလူတွေအတွက် ပရဟိတအဖွဲ့တွေ၊ စေတနာ့ရှင်တွေကလည်း ကူညီပေးနေတဲ့အထဲမှာ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှာ 'မြန်မာ့စိတ်ရင်း'အမည်နဲ့ အခမဲ့ သက်သတ်လွတ် ထမင်းဆိုင်ကို ဖွင့်လှစ်ထားတဲ့ လူငယ်ပရဟတိသမားလည်းဖြစ် ၊ ဇာတ်မင်းသားလည်း ဖြစ်တဲ့ ကိုမိုးမာန်လည်း ပါဝင်ပါတယ်။ သူ့အကြောင်း ရှုစားကြည့်ရအောင်ပါ။