ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အွန်လိုင်းပေါ်က ငွေလိမ်မှု တိုးလာ
မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook ဖေ့စ်ဘုတ်ကနေ ငွေချေးမယ်ဆိုတဲ့ စာမျက်နှာတွေ ငွေရေးကြေးရေး ဆိုင်ရာ အသုံးပြုကြတဲ့ အပလီကေးရှင်း (Application) တွေကနေ ငွေကြေး လိမ်လည်မှုတွေ ပြုလုပ်လာတာရှိပြီး အွန်လိုင်း ဖေ့စ်ဘုတ် လူမှုကွန်ရက် ကနေ ချိတ်ဆက်ပြီးနောက် ငွေချေးမယ်ဆိုပြီး ငွေအရင်လွှဲခိုင်းတဲ့ Application တွေ၊ ငွေချေးမယ်ဆိုတဲ့ စာမျက်နှာတွေ ကနေ ငွေကြေးလိမ်လည်နေတာတွေ၊ အတိုးမြင့်မြင့်နဲ့ ချေးတာတွေ၊ ခြိမ်းခြောက် တောင်းဆိုခံရတာတွေ ရှိနေကြပါတယ်လို့ ဘီဘီစီကို ပြောလာတာတွေ ရှိပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ လိမ်လည်တာတွေ ရင်ဆိုင်နေရပါသလဲ။
အကြောင်းစုံကို ကိုတင်အောင်ကျော် က ပြောပြပေးမှာပါ။