ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် အရေးပါဆဲ
ဒီကနေ့ဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အမှုဖွင့်တရားစွဲဆိုပြီး
ပထမဆုံး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာပဲ နောက်ဆုံး အမှုအဖြစ် စွဲချက်တင်ထားတဲ့ အဂတိ ၅ မှုကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး ရုံးတင်စစ်ဆေးမှုတွေ ဆက်ရှိနေပေမယ့်လို့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာဆက်ရှိနေတုန်းပဲလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
အကြောင်းစုံကို ကိုတင်အောင်ကျော်ပြောပြပေးမှာပါ။