ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင်မှာ ကလေးသူငယ်တွေကို အွန်လိုင်းပေါ်က လိင်အမြတ်ထုတ်မှုတွေ သိသိသာသာ တက်လာ
ဖိလစ်ပိုင် နိုင်ငံဟာ ကလေးသူငယ်တွေ အပေါ် အွန်လိုင်းကနေ လိင်အမြတ်ထုတ်မှု အများဆုံး နေရာတခု ဖြစ်လာနေပါတယ်။ ပရဟိတ အဖွဲ့တွေရဲ့ အဆိုအရ ကပ်ရောဂါကြောင့် လော့ခ်ဒေါင်း ချထားတဲ့ အချိန်မှာ ကလေးသူငယ်တွေအပေါ် အမြတ်ထုတ်မှုတွေ သိသိသာသာ တက်လာခဲ့တာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ ငွေရလိုမှုကြောင့် မိသားစုဝင်တွေတောင် ပါနေတယ်လို့ ဆိုပါတယ်။ အဲဒီအမြတ်ထုတ်မှုတွေကို ဝက်ဘ်ကင်တွေနဲ့ ရိုက်ကူးပြသကြတာ ဖြစ်ပြီး အမေရိကန်၊ သြစတေးလျနဲ့ ယူကေတို့ အပါအဝင် ဥရောပ တိုင်းပြည်တွေ လူတွေက ငွေပေးကြည့်ရှုကြတာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာ ရဲ့ သတင်းကို မသီဒါနွယ် ပြန်ပြောပြပါမယ်။ အခုသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။