ရုရှားဆီက ပြန်ရခဲ့တဲ့ ယူကရိန်းနယ်များ အခြေအနေ

ယူကရိန်းမှာ ယူကရိန်းတပ်ဖွဲ့တွေက နယ်မြေတော်တော်များများ ရုရှားလက်က ပြန်လည် သိမ်းယူနေကြသလို ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်ရင်း အရှိန်ကောင်းကောင်းနဲ့ ရှေ့ကို တိုးလာနေပါတယ်။ အခု ထိုးစစ်ကတော့ မကြာသေးခင်က ရုရှားက တရားမဝင် ဖဲ့ထုတ်ယူသွားတဲ့ ဒေသထဲက ခါဆွမ်မြို့ အနီးကို အဓိကထား ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကလည်း နိုင်ငံ အရှေ့ဖျားက လီမန်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ တိုက်ပွဲတွေမှာ နှစ်ဘက်စလုံး အကျအဆုံး များခဲ့ကြပါတယ်။ ဘီဘီစီရဲ့ အကြီးတန်း နိုင်ငံတကာ သတင်းထောက် အိုလာ ဂီရင်ပေးပို့ထားတဲ့ သတင်းကို မရီရီအောင် ပြန်ပြောပြပါလိမ့်မယ်။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်တဲ့ အကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။