ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုပ်ငန်းရှင်တွေ အခွန်အပြည့်ဆောင်ဖို့ စစ်ခေါင်းဆောင်ပြော
နိုင်ငံတော်ကိုပေးသွင်းရမယ့်အခွန်အခတွေကို အပြည့်အဝပေးဆောင်ဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းလုပ်ငန်းရှင်တွေကို ထုတ်ပြောလာပါတယ်။ ပြည်တွင်းမှာ အခွန်ငွေရရှိမှု ကျဆင်းနေချိန်မှာ စစ်ခေါင်းဆောင်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာပါ။ စစ်ကောင်စီ လက်အောက် အခွန်ဆောင်ရတဲ့ အခြေအနေကို ပြည်တွင်းလုပ်ငန်းရှင်အချို့ပြောပြချက် နဲ့အတူ ကိုဇေယျာထွန်းက ဆက်ပြောပြပါမယ်။