ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း ကလေး ၁၃ ဦးသေဆုံး
စက်တင်ဘာလပထမပတ်ကနေ ဒီကနေ့ အထိ တလနီးပါးအတွင်း စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ရခိုင်စတဲ့ ဒေသ ၄ ခုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်ဦးရေ ဆယ်နဲ့ချီလာပြီ ဖြစ်ပြီး ၁၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေကပြောကြသလို ဒီအတွက်လည်း အရေးယူမှုတွေ မရှိဘူးလို့ ထောက်ပြကြပါတယ်။ ဒီအကြောင်း ကိုဘိုဘိုပြောပြပေးပါမယ်။