ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားမှာ ဖန်မှုတွေ ရှိလာ
ယူကရိန်း အရှေ့ပိုင်းမှာ ယူကရိန်းတပ်တွေရဲ့ ထိုးစစ်က ရှေ့ကို တိုးလာနေပေမယ့် ကရင်မလင်ကတော့ သူတို့ တပ်တွေ အကြီးအကျယ် ရွှေ့ပြောင်းလာတာမျိုးတွေ လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ငြင်းလိုက်ပါတယ်။ ရုရှား စစ်တပ် ယူကရိန်း အရှေ့မြောက်ပိုင်းကနေ ဆုတ်ခွာနေရပြီ ဆိုတာကို ရုရှား သတင်းတွေမှာလည်း ဖော်ပြကြပါတယ်။ ဒါပေမယ့် သူတို့ ဒါ ပြန်လည် စုဖွဲ့ဖို့သာ ဖြစ်တယ်လို့ အကြောင်းပြကြပါတယ်။ တချိန်တည်းမှာပဲ ရုရှား ရုပ်မြင်သံကြားပေါ်မှာလည်း ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရှားရှားပါးပါး ဝေဖန်မှုတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘီဘီစီရဲ့ ရုရှားဘာသာ အယ်ဒီတာ စတိဗ် ရိုဆင်ဘတ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။