အူရီဒူးကုမ္ပဏီ ထွက်တော့မလား

မြန်မာနိုင်ငံအတွင်းက ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတွေရဲ့ ၈၅ရာခိုင်နှုန်းဟာ စစ်ကောင်စီ ထိန်းချုပ်မှု အောက် ရောက်ရှိနေပြီလို့ ဒီဂျစ်တယ်အ‌ရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း မှာ နောက်ဆုံးကျန်ရှိတဲ့ နိုင်ငံခြားသားပိုင် အူရီဒူးလုပ်ငန်းပါ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းလည်း ဒီစက်တင်ဘာပထမအပတ်အတွင်း ခပ်စိပ်စိပ် ထွက်လာတာကြောင့် ဆက်သွယ်ရေးလုပ်ငန်းတွေဟာ စစ်ကောင်စီ အောက်လုံးဝ ကျရောက်သွား နိုင်တယ်လို့ ထောက်ပြနေကြပါတယ်။ ဒီအကြောင်းစုံကို ကိုဇေယျာထွန်းက စုစည်းပြောပါမယ်။