ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဂတိအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၆ နှစ် ထပ်မံချမှတ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အဂတိအမှု ၄ မှုအတွက် အာဏာသိမ်းစစ်ကောင်စီက ထောင် ၆ နှစ် ချမှတ်လိုက်ပါတယ်။
နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က တရားစွဲထောင်ချခဲ့ပေမယ့် ဒီအမိန့်အပေါ် မေးခွန်းထုတ်မှုတွေလည်း ပေါ်ထွက်လာနေပါတယ်။
အကြောင်းစုံကို ကိုတင်အောင်ကျော် ပြောပြပေးမှာပါ။