ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘောဒီးယား ရှေးဟောင်း ပစ္စည်းတွေ ပြန်ရဖို့ ဗြိတိန်ကို တောင်းဆို
ကမ္ဘောဒီးယားနိုင်ငံက ပျောက်ဆုံးသွားတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ပြန်ရဖို့အတွက် ဗြိတိသျှ အစိုးရကို အကူအညီပေးဖို့တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်၅၀ တုန်းက ကမ္ဘောဒီးယား ပြည်တွင်းစစ်အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်တွေ အပါအဝင် ပျောက်ဆုံးသွားတဲ့ ရှေးဟောင်းပစ္စည်းတွေဟာ လန်ဒန်က ဝိတိုရိယနဲ့ အဲလဘတ် ပြတိုက်မှာ ရှိနေတယ်လို့လည်း ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဘီဘီစီ အာရှပစိဖိတ် အယ်ဒီတာ စီလီယာ ဟက်တန်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။