ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်မှာ စားသုံးဆီနဲ့ ကြက်သွန်နီဈေးတွေ တက်လာ
ဒီကနေ့ ဇွန် ၈ရက်မှာတော့ လူထုနေ့စဉ်စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကြက်သွန်နီနဲ့ စားသုံးဆီစျေးတွေတက်လာတယ်လို့ အိမ်ရှင်မတွေကနေသိရပါတယ်။ အထူးသဖြင့် စားသုံးဆီစျေးက တစ်ဆယ်သားကို ၈၅၀ကျပ်ရှိလာပါတယ်။ ဒါဟာဝယ်သူတွေလိုအပ်သလောက် စားသုံးဆီမလုံလောက် တာကြောင့် အခုလိုစျေးတက်လာတာလို့ ကုန်သည်တွေရဲ့ ပြောဆိုချက်နဲ့အတူ အကြောင်းစုံကို မနှင်းမိုက ပြောပါမယ်။