မြို့ပြပြောက်ကျားအဖွဲ့တွေ ဆက်တိုက်ဖြိုခွင်းခံနေရ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျားအဖွဲ့လူငယ်တွေ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆက်တိုက်ဆိုသလို ပစ်ခတ် ဖမ်းဆီးခံရနေပြီး သေဆုံးတာတွေလည်း ရှိတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ကြပါတယ်။

တဖက်မှာလည်း မြိုပြပြောက်ကျားအဖွဲ့တွေ ထပ်ဖွဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆက်လက်တွန်းလှန်တိုက်ခိုက်သွားမယ်လို့ လူငယ်တွေက ဆိုကြပါတယ်။

မသီဒါနွယ်က ဆက်ပြောပြပေးမှာပါ။