ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားတပ်တွေ သိမ်းပိုက်ထားစဉ်အတွင်းက ယူကရိန်း ပြည်သူတွေ ကြုံခဲ့ရတဲ့ အဖြစ်တွေ
ယူကရိန်း အရှေ့ဖျားမှာ ထိုးစစ်ကြီး တခု စတင်ဖို့ အတွက် ရုရှားတပ်တွေ ထပ်ရောက်လာနေပါတယ်။ ကိယဗ်မြို့တော် အနီးက ရုရှားတပ်တွေဆုတ်ခွာသွားပြီးနောက် သူတို့ သိမ်းပိုက်ခိုက်ရာ မြို့ ရွာတွေမှာ စစ်ရဲ့ အနိဌာရုံတွေကို ပိုပြီး တွေ့မြင် သိကြားလာနေရပါတယ်။ မုဒိမ်းကျင့်တာကို စစ်လက်နက်သဖွယ်မျိုး အသုံးချပြီး ဒေသခံ အမျိုးသမီးတွေကို မုဒိမ်းကျင့်ခံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း ပိုသိလာရပါတယ်။ အဲဒီလို အဖြစ်တွေနဲ့ ကြုံခဲ့ရတဲ့ အမျိုးသမီးတွေထဲက တချို့ကို ဘီဘီစီ သတင်းထောက် ယောဂီတာ လင်မရဲ က တွေ့ဆုံမေးမြန်းထားတာကို မရီရီအောင်က ပြောပြပေးမှာပါ။ အခုသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။