ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း ရုရှား စစ်ပွဲနဲ့ စားနပ်ရိက္ခာ ရှားပါးမှု
ယူကရိန်းအပေါ် ကျူးကျော်တဲ့ ရုရှားစစ်ပွဲဟာ အငတ်ဘေးကပ်နိုင်သလို ကမ္ဘာတဝန်း စားနပ်ရိက္ခာ မဖူလုံမှုဆီ ဦးတည်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရှက်ရှ်က သတိပေးထားပါတယ်။
ဒီပဋိပက္ခကြောင့် ကမ္ဘာ့ အစားအသောက်စျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အစားအသောက်တွေဟာ အမြင့်ဆုံးနှုန်းထားနဲ့ မြင့်တက်ခဲ့ပြီး ဖြစ်ပါတယ်။
မရီရီအောင် ပြောပြထားပါတယ်။