ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ ကိုဗစ် စတုတ္ထလှိုင်း စလာပြီလား
ဒီရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ဖျားနာလူနာတွေ များလာ နေပါတယ်။ အများစုကလည်း Rapid Test kits တွေနဲ့ ကိုဗစ်ရှိ၊မရှိ ကိုယ်တိုင် စစ်ဆေးကြပြီး နေအိမ်တွေမှာ ပဲ သီးခြားနေပြီး ကုသနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့က နေရာတချို့မှာ ကိုဗစ်အစုလိုက်အပြုံလိုက် တွေ့ရှိမှုတွေရှိနေတာကြောင့် စတုတ္ထလှိုင်း စတင်နေပြီလို့ ပြောနေကြပါတယ်။ တကယ်ပဲ စတုတ္ထလှိုင်း စတင်နေပြီလား၊ ဒီအကြောင်းစုံကို မနှင်းမိုက စုစည်းပြောပါမယ်။