ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အမှု အမိန့်ချမယ့် နေ့ကို ရွှေ့ဆိုင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပေါ်စွဲဆိုထားတဲ့ အမှု ၃ မှုကို ဒီကနေ့မှာ ပထမဆုံးအမိန့်ချဖို့ရှိပေမယ့် တရားသူကြီးက အထူးအကြောင်းပြချက်မရှိဘဲ ရှေ့တစ်ပတ် ဒီဇင်ဘာ ၆ရက်နေ့မှာ အမိန့်ချမယ်လို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဘာကြောင့်ပါလဲ။ ဒီကနေ့ရုံးချိန်းအခြေအနေအကြောင်း ကိုနန္ဒက ပြောပြမှာပါ။