ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက လွတ်မြောက်နေဆဲ အင်တာနက် ဟက်ကာများ
ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံအတော်များများမှာ အင်တာနက်ကနေဖောက်ထွင်းခံရမှုတွေ အများအပြားရှိခဲ့ပါတယ်။ ဒါကြောင့် ဆိုက်ဘာဖောက်ထွင်းမှုတွေလုပ်ကြတဲ့ ဂိုဏ်းတွေကို နိုင်ငံအသီးသီးက ရှာဖွေဖော်ထုတ်ပြီး ဖမ်းဆီးမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရုရှားနိုင်ငံကတော့ သူ့ဆီမှာ ရှိနေတဲ့ ဟက်ကာတွေကို ဖမ်းဆီးပေးဖို့ ငြင်းဆန်နေဆဲပါ။ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူတွေရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း အမြဲလိုလို ငြင်းဆန်နေပါတယ်။ ရုရှားမှာ ရှိတဲ့ ဟက်ကာတွေဟာ သန်းကြွယ်သူဌေးလို နေထိုင်နေတာကိုလည်း ဘီဘီစီက လေ့လာတွေ့ရှိခဲ့ရပါတယ်။ ကိုဇေယျာက ဆက်ပြီးပြောပြပေးမှာပါ။