ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေ့ပြောင်းသွားလာသူတွေကို ဥရောပထဲ စေလွှတ်နေတဲ့ ဘယ်လာရုဇ်
ဘယ်လာရုဇ်နိုင်ငံဟာ ဥရောပထဲကို ရွှေ့ပြောင်းသွားလာသူတွေ အများအပြားဝင်ရောက်ခွင့်ရအောင် တမင်ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာကြောင့် ပိတ်ဆို့အရေးယူမှုတွေချမှတ်မလား ဆိုတာ ဥရောပ သမဂ္ဂမှာဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။ ဘယ်လာရုဇ် သမ္မတ လူကာရှန်ကိုဟာ မြို့တော့် မင့်ဇ်မှာ ရွှေ့ပြောင်းသွားလာသူတွေကို လက်ခံထားပြီး နယ်စပ်တွေကို ပြောင်းရွှေ့ပေးနေတယ်လို့ ဆိုပြီး ပိုလန်၊ လစ်သူရေးနီးယား နဲ့ လတ်ဗီယား နိုင်ငံတွေက စွပ်စွဲထားပါတယ်။ ဒါကြောင့် သူတို့ ရဲ့ နယ်စပ်တွေကိုလည်း ပိတ်ထားရပြီး ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသွားလာသူတွေဟာ တခြားဥရောပနိုင်ငံတွေထဲကို ဝင်ရောက်ဖို့ကြိုးစားနေကြပါတယ်။ ဘီဘီစီ သတင်းထောက် ပေါလ် အက်ဒမ် ရဲ့သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။