ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်း အင်တာနက်လွတ်လပ်ခွင့်ကျဆင်း
အာဏာသိမ်းပြီးနောက် ပြည်တွင်းအင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ကို ကျဆင်း သွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြာဆုံးအင်တာနက်ဖြတ်တောက်မှု ရခိုင်ပြည်နယ်မှာ ဖြစ်ပြီးနောက်ပိုင်း အခုတော့ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်တွေမှာ အင်တာနက် ထပ်ဖြတ်လာပါတယ်။ ဒါကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် သုံးသပ်ကြပြီး ဒီအင်တာနက် ဖြတ်တောက်မှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေအကြောင်း ဘီဘီစီသတင်းထောက် မနှင်းမိုက စုစည်းပြောပြပါမယ်။