ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နွေဦးထီ ထိုးသူတချို့ အကောင့်တွေ အပိတ်ခံရ
အမျိုးသားညီညွတ်ရေး အစိုးရ NUG က အောင်လံလွှင့်ချီ နွေဦးထီလို့ အမည်ပေးထားတဲ့ အွန်လိုင်းထီကို သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး အချိန်ပိုင်းအတွင်းမှာတင် သတ်မှတ်ထားတဲ့ ထီအစောင်ရေကုန်သွားတယ်လို့ ကြေညာပါတယ်။
ဒါပေမဲ့ ထီရောင်းချတဲ့ အချိန်၀န်းကျင်မှာ ပြည်သူတွေရဲ့ မိုဘိုင်းဖုန်း ငွေလွှဲအကောင့်တွေကို အပိတ်ခံရတာတွေ ရှိတယ်လို့ ထီထိုးသူတချို့က ပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ ဗဟိုဘဏ်က NUG ထီရောင်းချရာမှာ ပြည်တွင်းငွေလွှဲ လုပ်ငန်း တွေရဲ့ ဘဏ်ငွေစာရင်းတွေကို အသုံးပြုလာခဲ့ရင် လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူဖို့ စာထုတ်ပြန်ထားပါတယ်။
အပြည့်အစုံကို မနှင်းမိုက ဆက်ပြောပြမှာပါ။