ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုလံပစ် ပြိုင်ပွဲနဲ့ နိုင်ငံပေါင်းစုံအတွက် ဂျပန် ဆာမူရိုင်း
ဇူလိုင်လ ၂၃ ရက်နေ့မှာ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို လုပ်ခဲ့ပေမယ့် ကိုဗစ်ကူးစက်မှုတွေရှိနေတာကြောင့် အိုလံပစ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို လူအနည်းငယ်သာ တက်ရောက်နိုင်ခဲ့ပါတယ်။ အိုလံပစ်ဖွင့်ပွဲအတွက် ကုန်ကျစားရိတ်လှူဒါန်းမှုတွေလုပ်ခဲ့တဲ့ ဂျပန်ကုမ္ပဏီ တချို့ကလည်း ဖွင့်ပွဲအခြေအနေကို ဝေဖန်မှုတွေလုပ်ခဲ့သလို၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်တဲ့အတွက် အားကစားသမားအတော်များများလည်းတက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဂျပန်အနုပညာရှင်တွေကတော့ ပြိုင်ပွဲဝင် နိုင်ငံတွေရဲ့ အလံတွေကို ဆာမူရိုင်း ပုံသဏ္ဍာန်ဖန်တီးပြသခဲ့ပါတယ်။ မသီဒါနွယ်ကဆက်ပြီးပြောပြပေးမှာပါ။