ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်၄၀ ကျော်ကြာ သိကျွမ်းခဲ့တဲ့ နီပေါက သီလရှင် ဆရာကြီး
ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကျင်းပဖို့ နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေက ပြင်ဆင်မှုတွေ လုပ်နေကြသလို၊ သူ့အတွက် အမှတ်တရပွဲတွေလည်း လုပ်ဖို့ ရှိနေပါတယ်။
တခါတုန်းက ဒေါ်အောင်ဆန်းစုကြည် နီပေါလ် နိုင်ငံကို ရောက်ခဲ့စဉ် သိကျွမ်းခဲ့တဲ့ သီလရှင် ဆရာကြီး ဒေါ် ဓမ္မဝတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သိကျွမ်းခဲ့တဲ့ အကြောင်းကို ခုလို အမှတ်တရ ပြန်ပြောခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ ကတည်းက သိကျွမ်းခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကြားမှာသိကျွမ်းမှု ဘယ်လိုရှိခဲ့တာပါလဲ။ ကိုဇေယျာက ပြောပြပေးမှာပါ။