စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကလုပ်ငန်းတွေ မရေမရာဖြစ်လာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာ နိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားစီးပွားရေး ကုမ္ပဏီတွေ အနေနဲ့ သူတို့ ကိုယ်တိုင်နဲ့ သူတို့ အလုပ်သမားတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရပြီး သူတို့စီးပွားရေး အလားအလာ မသေမချာဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်နဲ့ လက်တွဲပြီး စီးပွားရေး မလုပ်ဖို့ ပြည်သူတွေရဲ့ ဖိအားတွေကရှိနေပြန်တော့ ဘေးကျပ်နံကျပ် အနေအထားရင်ဆိုင်နေကြရပါတယ်။

ဘီဘီစီ သတင်းထောက် ဆူရန်ဂျာနာ တီဝါရီရဲ့ သတင်းကို မသီဒါနွယ် ပြန်ပြောပြပါမယ်။