ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေနိုင်ငံဆိုင်ရာ မြန်မာသံမတ် CRPH နဲ့ ပူးပေါင်းမယ်
ယူကေနိုင်ငံဆိုင်ရာ မြန်မာသံမတ် ဦးကျော်စွာမင်းက CRPH နဲ့ ပူးပေါင်းမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သံမှူးကြီးဒေါက်တာ ချစ်ဝင်းကို စစ်ကောင်စီက သံရုံး တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ အခုလို ပူးပေါင်းမယ်လို့ ထုတ်ဖော် ပြောကြား လာတာ ဖြစ်ပါ တယ်။ စစ်ကောင်စီဘက်ကတော့ ဦးကျော်စွာမင်းကို မနေ့က အလုပ်ကနေ ထုတ်ပယ်ပြီး ဖြစ်တယ်လို့ MRTV မှာ ကြေညာသွားခဲ့ပါတယ်။
ဒီအကြောင်း ကိုကျော်ဇေယျက ဆက်ပြီး ပြောပြပေးမှာပါ။