ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စိတ်လှုပ်ရှားစရာ "Extreme E" ကားပြိုင်ပွဲ
ဗြိတိသျှ ဖော်မြူလာဝမ်း ကားမောင်းချန်ပီယံ လူးဝစ္စဟမ်မေလ်တန်ဟာ သူယှဉ်ပြိုင်နေတဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲတွေမှာ နာမည်ကျော်တယောက်ပါ။ နောက်ပြီး သူဟာ သူတို့ ဖော်မြူလာဝမ်းနဲ့ မတူတဲ့ တခြား ကားပြိုင်ပွဲ တမျိုးကိုလည်း စိတ်ဝင်စားသူ တယောက်ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို "Extreme E" လို့ ခေါ်ပါတယ်။ ဒီပြိုင်ပွဲဟာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘဲ ပြိုင်ကြတဲ့ စိတ်လှုပ်ရှားစရာ ပြိုင်ပွဲ တခုလို့ ဆိုကြပါတယ်။ ကိုထွေးက ပြောပြမှာပါ။