ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်မှာ သေဒဏ် ကွပ်မျက်မှုတွေ ပိုများလာ
အမေရိကန် နိုင်ငံက ပြည်နယ် အကျဉ်းထောင် တစ်ခုမှာ လူသတ်မှုနဲ့သေဒဏ်ကျခံနေရတဲ့ ဘရန်ဒန် ဘားနဒ် ကို ကွပ်မျက်လိုက်ပြီဖြစ်ပါတယ်။ အာဖရိကန် အမေရိကန် အမျိုးသား ဘရန်ဒန် ဘားနဒ်ဟာ ၁၉၉၉ ခုနှစ်တုန်းက လူဖြူလူငယ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လကနေ စတင်ရေတွက်ရင် ကိုးယောက်မြောက် သေဒဏ် စီရင်ခံရသူလည်းဖြစ်ပါတယ်။ အမေရိကန်မှာ ဒီနှစ်ထဲ သေဒဏ်ကျခံနေရတဲ့အကျဥ်းသားတွေကို ကွပ်မျက်မှု စုစုပေါင်းဟာ လွန်ခဲ့တဲ့ နှစ်၆၀ က ထက် ပိုများနေပါတယ်။ အမေရိကန် အခြေစိုက်ဘီဘီစီသတင်းထောက် လီဘို ဒီဆီကိုရဲ့ သတင်းကိုရှုစားကြရအောင်ပါ။