ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိရစ္ဆာန်ရုံကနေ ဘေးမဲ့တောမှာ နေထိုင်တော့မယ့် ဆင်ကြီး
ကာဗန်လို့ ခေါ်တဲ့ ဆင်ကြီးဟာ ပါကစ္စတန်က တိရစ္ဆာန်ရုံထဲမှာ ဆယ်စုနှစ် ၃ ခုနီးပါးကို ဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရပါတယ်။ အခုတော့ ကမ္ဘောဒီးယားကို ရောက်လာပြီ ဖြစ်ပြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့စခန်းမှာ နေရာသစ်အဖြစ် သူခိုလှုံနိုင်တော့မှာ ဖြစ်ပါတယ်။
နာမည်ကြီး ပေါ့ပ်အဆိုတော် ရှဲက ကာဗန်ကို အခုလို ပြောင်းနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်သလို ကာဗန် လွတ်လပ်စွာ နေထိုင်ခွင့် ရနိုင်ဖို့အတွက်လည်း ကာလရှည် စည်းရုံးလှုပ်ရှားပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုထွေးက ပြောပြထားပါတယ်။