ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အထူးအစီအစဉ်
၂၀၂၀ အတွက် ဘီဘီစီရဲ့ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ၁၀၀ စာရင်းထဲမှာ Black Lives Matter လှုပ်ရှားမှုကို စတင်ခဲ့ကြသူတွေလည်း ပါလာခဲ့ပါတယ်။ ဒီ နှစ်ထဲမှာ အသားအရောင် ခွဲခြားမှု လူမျိုးရေး ခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တော်တော် ဖြစ်ခဲ့ကြပါတယ်။
ကမ္ဘာ့အကြီးဆုံး လူထုလှုပ်ရှားမှုကြီးတခုရဲ့ နောက်ကွယ်မှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီး ၃ ယောက်က သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တချို့ကြောင့် ကမ္ဘာအနှံ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ခဲ့ပုံတွေကို ပြောပြခဲ့ကြ ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။