ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ညာက ကလေးမှောင်ခိုစျေးကွက်အကြောင်း ဘီဘီစီ ဖော်ထုတ်
ကင်ညာနိုင်ငံမှာ မိခင်တွေဆီကနေ ကလေးငယ်တွေကို ခိုးယူပြီး ပြန်လည်ရောင်းချနေတဲ့ မှောင်ခိုလုပ်ငန်းတခု ကြီးထွားလာနေတဲ့ အထောက်အထားတွေကို ဘီဘီစီ အာဖရိက မျက်ဝန်းအစီအစဉ်က တနှစ်ကြာ စုံစမ်းသတင်းယူပြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။
လျှို့ဝှက်ပြီး အကျိုးအမြတ်အများကြီးရှိတဲ့ ဒီလုပ်ငန်းဟာ အိမ်ယာမဲ့ မိခင်တွေဆီကနေ ကလေးငယ်တွေကို ခိုးယူပြီး တရားမဝင် အမြတ်ထုတ် နေကြတာ ဖြစ်ပါတယ်။
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ကနေ ပေးပို့တဲ့ သတင်းလွှာကို မစန္ဒာ၀င်းက ပြောပြပေးမှာပါ။