ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် ရွေးကောက်ပွဲ တိုင်ကြားမှုတွေကို စစ်ဆေးမယ်
အမေရိကန် ရှေ့နေချုပ် ဘေလ်ဘားက ပြီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ အတွင်း မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားဖို့ ပြည်ထောင်စု ဥပဒေ အရာရှိတွေကို ခွင့်ပြုပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ သမ္မတထရမ့်ကလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စွပ်စွဲ တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် ခိုင်လုံတဲ့ သက်သေပြနိုင်တာမျိုးတော့ မရှိပါဘူး။ တချိန်တည်းမှာပဲ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒဲန်ကလည်း လာမယ့် ဇန်နဝါရီမှာ သမ္မတ ရာထူးကို ဆက်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။