အမေရိကန် ရွေးကောက်ပွဲနဲ့ အာဖရိကအပေါ်ထားရှိတဲ့ မူဝါဒ

လာမယ့် နိုဝင်ဘာ ၃ရက်နေ့မှာ အမေရိကန် သမ္မတရွေးကောက်ပွဲကိုကျင်းပတော့မှာပါ။ အဲဒီမှာ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ပဲ နိုင်မလား။ ဒါမှမဟုတ် ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ကပဲ နိုင်သွားမလားဆိုတာကို ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် နိုင်တဲ့ အခါမှာ အာဖရိကတိုက်အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ သဘောထားက ဘယ်လိုပြောင်းသွားနိုင်ပါသလဲ။ အမေရိကန် ရဲ့ လက်ရှိနိုင်ငံခြားရေး မူဝါဒရဲ့ အကျိုးဆက်တွေကိုခံစားနေရတဲ့ အာဖရိက လီဆူတူက အခြေအနေကို ကြည့်ရအောင်ပါ။ မသီဒါနွယ်က ပြောပြပေးထားပါတယ်။