ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုင်စီဂျေမှာ ဂမ်ဘီယာက အဆိုလွှာတင်
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (ICJ) က လက်ခံခဲ့ပြီးနောက် အခုအခါ ဂမ်ဘီယာနိုင်ငံရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ Memorial အဆိုပြုလွှာကို ဒီနေ့မှာ အိုင်စီဂျေတရားရုံးကို တင်သွင်းဖို့ရှိနေပါတယ်။ ဒီအမှုကို ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။ အခု အဆိုလွှာမှာ ဘာတွေ ပါလဲဆိုတာ သိရဖို့ အိုအိုင်စီက ဖွဲ့ပေးထားတဲ့ အာရကန်ရိုဟင်ဂျာယူနီယံရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် ဒီအမှုမှာ အကြံပေးအဖြစ်လည်းပါ၀င်တဲ့ ဒေါက်တာဝါကာအူဒင်းကို ကိုမိုးမြင့်က မေးကြည့်ထားပါတယ်။