ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချာနိုဘိုင်း နျူကလီးယား ဒေသက တောရိုင်း တိရစ္ဆာန်တွေ
ယူကရိန်း နိုင်ငံထဲက ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို မတော်တဆမှု ကြောင့် လူတွေ အဲဒီ ဒေသ ကို စွန့်ခွာ ခဲ့ကြတာ နှစ်ပေါင်း အတန်ကြာနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီမှာ သဘာဝ တောရိုင်း တိရစ္ဆာန်တွေကတော့ လူတွေရဲ့ နေရာမှာ အစားထိုး နေထိုင် ခဲ့ကြပါတယ်။ နျူကလီးယား မတော်တဆ မှုကြောင့် ရေဒီယို သတ္တိကြွ ဓာတ်တွေ ရှိနေသေးပေမယ့်လည်း တောရိုင်း တိရစ္ဆာန်တွေကတော့ ရှင်သန် ပေါက်ပွား များပြား လာခဲ့ပါတယ်။
ချာနိုဘိုင်း နျူကလီးယား ပေါက်ကွဲမှု ဒေသက တောရိုင်း တိရစ္ဆာန်တွေရဲ့ အကြောင်းကို ကြည့်ရအောင်ပါ။ မသီဒါနွယ်က ပြောပြ ပေးပါမှာ။