ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်စ်ဘော့စ်ကျွန်းက ဒုက္ခသည်စခန်း မီးလောင်
ဂရိက လက်စ်ဘော့စ်ကျွန်းမှာ ရှိတဲ့ လူတွေ မတန်တဆ များနေတဲ့ အကြီးဆုံး ဒုက္ခသည်စခန်းကြီးမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာမှာ လူ ၂ ထောင်လောက် ဘေးလွတ်ဖို့ ပြေးခဲ့ရပါတယ်။
အဲဒီ မော်ရိယ စခန်းဟာ မီးကြောင့် လုံးဝနီးပါး ပျက်စီး သွားခဲ့ရပါတယ်။
အဲဒီ စခန်းမှာ ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၁၃၀၀၀ လောက် ရှိနေခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လော့ခ်ဒေါင်း ချထားခဲ့တာ ဖြစ်ပါတယ်။
ကိုတင်အောင်ကျော်က ပြောပြမှာပါ။