ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပို့တ်လန်းကို လုံခြုံရေးတွေ စေလွှတ်ဖို့ ကန်အစိုးရစီစဉ်
အမေရိကန် ပြည်ထောင်စု၊ အိုရီဂွန် ပြည်နယ်က ပို့တ်လန်းမှာ ဖြစ်နေတဲ့ အဓိကရုဏ်းတွေကို ကိုင်တွယ်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေ စေလွှတ်ကောင်း စေလွှတ်သွားမယ်လို့ လုံခြုံရေးဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ က လူမည်းအခွင့်အရေး လှုပ်ရှားသူတွေနဲ့ သမ္မတ ထရမ့်ကို ထောက်ခံသူတွေ အကြား ရင်ဆိုင်မှုတွေဖြစ်ခဲ့ရာမှာ ပစ်ခတ်မှုတွေကြောင့် လူတယောက် သေဆုံးခဲ့ပါတယ်။
အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ ကိုထက်အောင် က ဆက်ပြောပြပါလိမ့်မယ်။